top of page

How to tell a truthful story/ မှန်သောပုံပြင်ပြောပြခြင်း

by အဝေး / Away


Tell me a story

I will lay my head down

I will close my eyes

feel your words

restart the blood flow

a pulse from the veins

atrium to ventricle

raise these memories from the dull

untouched parts of our blood

the marrow of our bones

murky and unfiltered

viscous with archives of different truths


You say our stories get diluted over time

but I think they get concentrated

whittling down with each retelling

understate until our truths turn

into a footnote, no asterisk

exaggerate until our truths turn

into stories turn

into legends turn

into

myths

we remember different

we hold onto different branches

the same tree holds us

the same roots sustains

our leaves our blooms our fruit

we are fed by the same hand

our taste buds have changed

I’m good at compartmentalizing

you’re good at branching out

extend our roots

bring us all together

tell me a story

that has everyone

in it

I can’t remember everyone

at once


You are a river of longings

flowing through the earth absorbing any debris

hungry for any details you take off a piece of the earth

every time you rush around the corner

each erosion brings a history to the surface

our stories travel your currents

make space for our future past

one day the water will clear

and we will see what has collected

at the bottom of your river

will you answer my questions

I will lay my head down

I will close my eyes

tell me a story.


မှန်သောပုံပြင်ပြောပြခြင်း


ပုံပြင်ပြောပြ

မျက်စိမှိတ်ခေါင်းချ

သွေးပြန်ကြောမှသွေးခုန်နှုန်းလို

စာလုံးတွေဟာ

နှလုံးခုန်နှုန်းလို

သွေးစီးဆင်းမှုကို ပြန်လည်စတင်

သွေးကြောထဲကမထိဖူးတဲ့မြုံသွေးထဲကနေ

မေ့နေတဲ့အမှတ်တရတွေဖော်ထုတ်

ရိုးတွင်းခြင်ဆီတွေဟာ

အမှန်တရားပေါင်းများစွာရဲ့မော်ကွန်းတိုက်

အနယ်အနှစ်တွေနဲ့နောက်နေတာ


နင်ပြောတာ

အချိန်နဲ့အမျှငါတို့ပုံပြင်တွေဟာ

ရေရောပေါ့ရွှတ်သွားတယ်

ငါထင်တာကတော့

ငါတို့ပုံပြင်တွေဟာပြောလေပြောလေ

အရည်ခမ်းပြီးပိုပိုပြင်းထန်လာတယ်

လျှော့ပြောလေလျှော့ပြောလေ

ငါတို့အမှန်တရားတွေကအောက်ခြေမှတ်ချေလောက်ဘဲကျန်တော့တယ်

ချဲ့ပြောလေချဲ့ပြောလေ

ငါတို့အမှန်တရားတွေကနေ

ပုံပြင်ကနေ

ဇာတ်ကနေ

ဖြစ်နေပြီ

ဒဏ္ဋာရီ

ငါတို့မှတ်မိတာတွေမတူဘူး

ငါတို့ဟာသစ်ကိုင်းကိုယ်စီကို တွယ်ထား‌ပေမဲ့

တက်နေတာတော့ဒီသစ်ပင်ပါပဲ

ဒီအမြစ်တွေကပဲ ငါတို့ရဲ့

အရွက်၊အပွင့်၊အသီးတွေကိုကျွေးမွေးထားတာ

ငါတို့ကိုကျွေးတဲ့လက်ချင်းတူပေမဲ့

ငါတို့အာသာတွေ မတူညီတော့ဘူး

ငါကရှိတာမှန်သမျှကိုပိုင်းချထားနိုင်သလောက်

နင်ကရောရောဝင်ဝင်

အမြစ်တွေကိုချဲ့ထွင်

ငါတို့တွေကိုဆွဲခေါ်စည်းလုံး

အားလုံးပါတဲ့ပုံပြင်ပြောပြ

အားလုံအတူရှိ​နေတဲ့ပုံပြင်တွေငါမမှတ်မိတော့ဘူး


တောင့်တမှုတွေစီးဆင်းနေတဲ့မြစ်တစ်ကြောင်းလိုနင်ဟာ

ငါတို့ ပုံပြင်တွေကို နင့်ရဲ့ မြစ်ကြောင်းနဲ့

နည်းနည်းချင်း ဖဲ့ယူသွားပြီး

သမိုင်းမော်ကွန်းတင်ခဲ့တယ်

ငါတို့ပုံပြင်တွေဟာနင့်လှိုင်းတွေနဲ့အတူခရီးစဉ်လျှောက်တယ်

အနာဂတ်ရဲ့အတိတ်တွေအတွက်နေရာထွင်းပေးတာ

တစ်နေ့တော့ဒီမြစ်ရေကြည်စင်လာတဲ့အခါ

မြစ်အောက်ခြေမှာနောက်ဆုံးကျန်ရစ်ခဲ့တာ

ဘာရှိလဲတူတူကြည့်ကြရင်

ငါ့မေးခွန်းတွေနင်ဖြေမှာလား

ငါမျက်စိမှိတ်ခေါင်းချမယ်

ပုံပြင်ပြောပြနော်


About the poet:


Away is the pen name of a reader, writer, and learner who grew up in Yangon, Myanmar. They are currently located in the United States on the traditional and unceded territory of the Tongva people. Their commitments include community building and transnational human rights.


96 views0 comments
bottom of page