• arunaglobalsouth

အိမ်ထဲကနွေဦး နှင့် အခြားပုံပြင်များ / Spring in the House and Other Stories

by Diana ဇော်ဝင်း (English Translation by Diana Zaw Win below)


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကြမ်းဖက်မြန်မာ့တပ်မတော်သည် တရားဝင်ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရကို အတင်းအဓမ္မဖယ်ရှားကာ အာဏာသိမ်းခဲ့သည်။ ထိုမတရားမှုကို အညံ့မခံနိုင်သော တစ်တိုင်းပြည်လုံးက လမ်းပေါ်ထွက် ဆန္ဒထုတ်‌ဖော်ခဲ့ကြရာ “နွေဦးတော်လှန်ရေး” ပေါ်ပေါက်လာသည်။ ဤစာရေးချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်း ၇၈၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ အောက်ပါ စာပိုဒ်တိုများသည် အရေးအခင်းကာလအတွင်း အထက်လူလတ်တန်းစား ဗမာ ဗုဒ္ဓဘာသာမိသားစုတစ်ခု၏ အိမ်တွင်းက အဖြစ်အပျက်များကို မှတ်တမ်းတင် ကောက်နုတ်ထားခြင်းဖြစ်သည်။ စာတစ်ပိုဒ်ချင်းစီ၏ နောက်ခံအကြောင်းအရာကို အသေးစိတ်နားလည်နိုင်ရန် #whatshappeninginmyanmar ကို ကိုးကားရပါလိမ့်မည်။


ပူးတွဲပါပုံများသည် စာရေးသူ၏ ပန်းချီကားမှ အသေးစိတ်လက်ရာများဖြစ်သည်။


*


၁/ ပန်းရောင်



အနီက NLD အရောင်။ ပထမဆုံးခေါင်းပစ်ခံရတဲ့ ကောင်မလေးကအနီဝတ်ထားလို့တဲ့။

အစိမ်းက အကြမ်းဖက်စစ်တပ်အရောင်။

အမည်းက မင်းမဲ့ဝါဒီအရောင်။ မေလလည်လောက်ကတည်းက အင်္ကျီအနက်ဆိုတရားမဝင်ဘူးတဲ့။

အဖြူက ဆန္ဒပြသူတို့ အဝတ်များတဲ့အရောင်။

အပြာက ဟိုတလောကပဲ စစ်တပ်ဆန့်ကျင်ရေး ကန်ပိန်းလုပ်တုန်းကဝတ်တဲ့အရောင်။

အဲတော့ သူငယ်ချင်းနဲ့ အမြန် သေနတ်မမှန် အဖမ်းမခံ ရိက္ခာပြေးဝယ်ဖို့ချိန်းတော့ ဝတ်စရာဆိုလို့ ပန်းရောင်ပဲကျန်တော့တယ်။

“အေး...တူတူပဲ” မတိုက်ထားပဲ ပန်းရောင်ဝတ်လာတဲ့ သူငယ်ချင်းကပြောတယ်။ “ခုတလောအိမ်ထဲကအိမ်ပြင် ထွက်ဖို့အတော်ခက်တယ်။ နေ့တိုင်းလိုလို အစုလိုက်အပြုံလိုက် လူသတ်ပွဲ‌တော်ချည်းပဲ။ သတင်းတွေလဲကြားရတာနဲ့ကို စိတ်ပင်ပန်းတယ်။ ငါ့ကိုယ်ငါလည်း အားမရဘူး...။”

“တော်လှန်ရေးက လမ်း‌ပေါ်မှာပဲ ဖြစ်ဖို့လိုတာမှမဟုတ်တာ” ကျမ ပြန်ဖြေတယ် “အခုရက်ပိုင်းစဉ်းစားမိနေတာ။ အိမ်မှာလည်း တော်လှန်‌ရေးလုပ်လို့ရတာပဲ။ အချိန်ကြာလာတာနဲ့အမျှ ငါတို့ တစ်ယောက်ချင်းစီမှာ အခန်းကဏ္ဍတစ်ခုစီ ရှိလာတယ်လို့မြင်တယ်။ အားလုံးလည်း သူ့အလုပ်သူ အကောင်းဆုံးကြိုးစားနေကြတာပဲ။

နင့်အဖွားဆိုလဲနေမကောင်းဘူး။ ငါဆိုလဲ အိမ်မှာ အသက်ကြီးကြီး လေးယောက်။ ငါတို့လိုတစ်ယောက်တလေကတော့ အိမ်ထိန်းမှရမှာပေါ့။”


*


၀၂/ သဘောထားရှင်းပေမဲ့ လူမျိုးရေးခွဲခြားတတ်တဲ့ မေမေ


မေမေက “ငါ ရခိုင်တွေအကြာင်း ကောင်းကောင်းသိတာပေါ့ ရခိုင်ရောက်ဖူးတာပဲ” လို့ပြောလိုက်တာက လူဖြူတစ်ယောက်က “ငါ လူမျိုးရေးမခွဲခြားပါဘူး၊ ငါ့မှာ လူဖြူမဟုတ်တဲ့ သူငယ်ချင်းရှိတာပဲ” လို့ပြောတာနဲ့အတူတူပဲ။

ရခိုင် ပြား၅၀ဖိုးပါတဲ့ ဖေဖေက... “မင်း ရခိုင်တွေအကြောင်းဘာသိလို့လဲ” လို့ ကလိလိုက်တယ်။

အဲ့ဒီတစ်ပတ်က ရခိုင့်တပ်တော် AA က CRPH နဲ့မပူးပေါင်းသလိုလို လုပ်နေတုန်း ရက်သတ္တပတ်။ အရေးတော်ပုံကြီးပြီးရင် ရခိုင်ပြည်က ဗမာပြည်မကနေ ခွဲထွက်ပြီး လွတ်လပ်ရေးရသွားနိုင်ချေပိုများလာတယ်ပေါ့။ အဲတော့ အနီမှ အနီ ရဲရဲနီတဲ့ NLD ထောက်ခံတဲ့ မေမေက ရခိုင်တွေကို သိပ်မကြည်ဘူး။ ရခိုင်တွေက စိတ်ကြီးတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ အချင်းချင်းတောင် မတည့်ဘူးဆိုတဲ့ အစွဲတွေကလဲ ရှိသေးတာကိုး။

“ရခိုင်မှာတောင် မမွေးတဲ့သူကများလာပြီး...။ ငါတောင်မှ ရခိုင်ကို နင့်ထက်တောင်စောရောက်ဖူးသေးတယ်။ ရခိုင်စကားတောင် မပြောတတ်ပဲနဲ့။ နင်က ဗမာပါပဲ။ ရခိုင်တု!!”

မေမေက စကားပြောချိုတဲ့လူတွေထဲမပါတာတော့ အသေအချာပဲ။ ပြီးတော့ အသံကလဲကျယ်တာကိုး။ တဖက်မှာက သိမ်မွေ့ပြီး အေးအေးဆေးဆေးနေတတ်တဲ့ ဖေဖေက ကျမကို “လုပ်ပါဦး” ဆိုပြီး အကူတောင်းတဲ့အနေနဲ့ လှမ်းကြည့်တယ်။

“မေမေရေ...” ကျမက ဝင်ပြောတယ်။ “ရခိုင်ပြည်သူတွေ ဘာလုပ်လုပ် သမီးတို့ ဗမာတွေပြောပိုင်ခွင့်ရှိတယ် မထင်ဘူးလို့...။”

“ဒါမဲ့ သူ့အတိုင်းအတာနဲ့သူတော့ ရှိရမှာပေါ့။ ရခိုင်လွတ်လပ်ရေးရလို့ ရိုဟင်ဂျာတွေ ဝင်သိမ်းကုန်ရင်ဘယ်လိုလုပ်မလဲ။ ဗုဒ္ဓဘာသာ ဘယ်လိုလုပ်မလဲ။ ရခိုင်က မွတ်စလင်နိုင်ငံဖြစ်သွား ဦးမယ်။”

ကျမခေါင်းထဲမှာတော့ တုံ့ပြန်မှု‌တွေ ဒါဇင်လိုက်ပေါ်လာတယ်-

“ချီး။ အဲဒါတွေက ဘာသာတရားအချင်းချင်းသွေးကွဲအောင် ဗုဒ္ဓဘာသာဆန့်ကျင်ရေးရန်သူဆိုပြီး အမျိုးသားရေးဝါဒဖြန့်ခြင်းပဲ”

“ကမ္ဘာဂြိုလ်ပေါ်မှာ မြေပုံဆိုပြီး မျဥ်းကြောင်းဆွဲသတ်မှတ်တာ ကိုလိုနီခေတ်မှပေါ်လာတာ။ ပြောရမယ်ဆို လူဖြူတွေလုပ်လို့ ပိုရှုပ်ကုန်တာ။”

“ရခိုင်ဆိုတာကလဲ အင်္ဂလိပ်တွေနယ်မချဲ့ခင် အနှစ် ၄၀ကမှ မြန်မာပြည်ရဲ့ အစိတ်အပိုင်းဖြစ်လာခဲ့တာ။ အဲ့မှာ ဗမာတွေကလဲယုတ်မာချက်။ ရခိုင်‌တွေရဲ့ မဟာမြတ်မုနိကြီးကို အတင်းကာ‌ရော မန္တလေးကိုသယ်လာတာ။ ဗမာမင်းဝတ်တန်ဆာတွေတောင် စော်ကားမော်ကားဆင်ပေးသေးတာ။”

စဥ်းစားမိသမျှ တုံ့ပြန်လိုက်တာတွေအားလုံးကို သေချာ ရှင်းပြပေးဖို့လိုပေမဲ့ စိတ်ဆိုးနေတဲ့ အမေတစ်‌ယောက်ကို နားချဖို့ဆိုတာ ခန္တီပါရမီရော အချိန်ကိုက်ဖြစ်ဖို့‌ရော လိုတာမို့လို့... အခုလောလောဆယ် အဖေထမင်းစားပြီးဖို့ ဒီအတိုင်း ထားလိုက်တာပိုကောင်းပါတယ်။

“မဖြစ်ပါဘူး...” လို့ကျမပြန်ဖြေလိုက်တယ်။ “ပြီးတော့ နိုင်ငံကလဲ အားလုံးနေလို့ရအောင် အကြီးကြီးပါပဲ...”


*


၀၃/ ကမ္ဘာ့စိတ်ရင်းအကောင်းဆုံးသူ ဖြစ်ပေမဲ့ မထင်ရပဲ မိန်းမမုန်းသူ ဖြစ်တဲ့ ဖေဖေ


ဖေဖေက အကြီးတန်းအင်ဂျင်နီယာတစ်ဦးဖြစ်တယ်။ အာဏာမသိမ်းခင်ကဆိုရင် ကမ္ဘာ‌ပေါ်မှာ အလုပ်အများဆုံးလူသား။ အခုတော့ သူ့ဘဝမှာ ပထမဆုံး အားလပ်ချိန် တပုံတပင်နဲ့။ ဒါ့ကြောင့် အဲ့ဒီအချိန်တော်တော်များများကို တစ်အိမ်လုံး နေရာအနှံ့ ကျမနောက် တကောက်ကောက် လျှောက်လိုက်နေတော့တယ်။

“ဒါမဲ့ ၃၀% အမျိုးသမီးဖြစ်ရမယ်တို့ဘာတို့ဆိုရင် နောက်ဆို ဂေးတွေအတွက်ပါ ဘယ်လောက် ပါဆန့်ထည့်ရမယ်တွေဘာတွေ ဖြစ်ကုန်လိမ့်မယ်။ အခုလောလောဆယ် အရေးကြီးတာတွေ အရင်လုပ်တာပဲကောင်းတယ်” လို့ ဖေဖေကပြောတယ်။ ၂၀၁၆ ဖက်ဒရယ် အခြေခံဥပဒေမူကြမ်းကို ကျမစိတ်ဝင်တစားနဲ့ ဖတ်နေတာကို လှမ်းပြောလိုက်တာပါ။

အဖေ့ကို တစ်ခါမှ မမြင်ဖူးတဲ့လူလိုကြည့်လိုက်ပြီး “ပါပါး။ အခုစနစ်ကြီးမှာ အရည်အချင်းရှိရုံနဲ့ ကျား မ မခွဲဘဲ နေရာတန်းတူရတယ်များထင်နေလား။”

ဖေဖေပြန်မပြောရ‌သေးခင်ပဲ ကိုယ်ကအရင် ပေါက်ကွဲ‌ပြီး “အိုခေ။ ထားပါတော့။ သမီးလို အမျိုးသမီးတစ်ယောက် အစိုးရအလုပ် လုပ်တယ်ပဲထား။ အစည်းဝေးမှာ ၁၀ယောက်မှာ ၈ယောက်က ယောကျာ်းဆိုရင် သမီးတင်ပြမယ့် အိုင်ဒီယာတွေကို မထိတထိ ကျား/မခွဲခြားပြီး နှိမ်တဲ့ မှတ်ချက်တွေမခံစားရဘဲ တင်ပြနိုင်မယ်ထင်လား။ အလုပ်စခန့်ကတည်းက မိန်းမဆိုရင် သိပ်မမျှော်လင့်ထားကြဘူး။ ဪ လက်ထပ်၊ ကလေးယူပြီးရင် အလုပ်မလုပ်လောက်တော့ဘူး။ ဪ အလုပ်နဲ့ပတ်သက်တဲ့ ခရီးတွေ မသွားနိုင်လောက်ဘူး။ တစ်ယောက်တည်းဆို အန္တရာယ်များလို့။ ရာသီလာရင် တစ်မျိုး၊ အစိုးရရုံးမှာ သမီး intern ဆင်းတုန်းက ရာသီလာလို့ ဗိုက်နာလို့နာတယ်ပြောတာကို ကိုယ့်ကို အရိုင်းအစိုင်းလိုကြည့်ကြတယ်။ ဘာလို့လဲ။ နာပါတယ်ဆိုမှ ဘာလို့ ပါးစပ်ပိတ် ကျိတ်ခံရမှာလဲ။”

ဖေဖေခဏငြိမ်သွားတယ်။ “ဒါမဲ့ သမီးရေ... ပုံမှန်ဟာတွေကို သမီးကိုယ့်ဘာသာကို အပို လုပ်နေတယ် မထင်ဘူးလား။”

“ပါပါပြောတဲ့ ‘ပုံမှန်’ ဆိုတာ အဖြောင့် ယောကျာ်းတွေ တခြား မဖြောင့်/မကျားတဲ့ လူတွေ ဘလိုနေလဲ ဘာလိုနေလဲ မမေးမစမ်းဘဲ ကိုယ့်ဘာသာကိုယ် စိတ်ကူးယဉ်ထားတဲ့ ကမ္ဘာကြီးပဲ။ ပါပါဆို ATM စက် ဘယ်လိုသုံးရမှန်းမသိ၊ ခရီးဆောင်အိတ် ဘယ်လို ပြင်ရမှန်းမသိ။ မေမေက အကုန်လုပ်ပေးတာကိုး။ ပြီးရင် မေမေကို စိတ်မရှည်ဘူး ဒေါသကြီးတယ်နဲ့။ ပါပါဆို အပြင်ထွက် အလုပ်လုပ်ရုံတစ်ခုပဲ။ မေမေဆို အလုပ်ရော၊ အိမ်ရော၊ ကလေးတွေပညာရေးရော၊ ပါပါ့ကိစ္စရော။ အဲတော့ ဒီမိန်းမမှ မရူးရင် ဘယ်သူရူးမလဲ။ ပြီးတော့ ပါပါအလုပ်မှာ အဆင်ပြေရင် လူတွေက ပါပါတော်လို့။ အဆင်မပြေရင် ပါပါ့ရှေ့ကျ မပြောပေမဲ့ မေမေ့ကိုဆို ဖုန်းဆက်တိုင်ကြတာ။ ပါပါတို့ ‘ပုံမှန်’ဆိုတာ မိန်းမတစ်ယောက်ရဲ့ အရည်အချင်းက သူမတည်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ အောင်မြင်မှုပေါ် မူတည်ပြီးမှ အသိမှတ်ပြုခံရတဲ့ ကမ္ဘာကြီးပါ။”

အဲ့ စကားဝိုင်းအပြီးမှာတော့ ဖေဖေက မေမေ့ကို အိမ်မှုကိစ္စ ဟိုဟိုသည်သည် ဝင်ကူနေတော့တယ်။


*


၀၄/ “တော်လှန်ရေး! သွေးမအေးကြေး!” လို့ကြွေးကြော်ပြီး ပြည်သူ့ကျိန်စာ* COVID ကာကွယ်ဆေးကျ ခိုးပြီးသွားထိုးတဲ့ ကြီးတော်


မေမေဟာ တရားသဖြင့် စိတ်ဓာတ် ပြင်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။

ဒါကြောင့် ကြီးတော်က သူ့ရှေ့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလက်မှတ်ကြီး လာပြ၊ ဘယ်တော့သွားထိုးမလဲ ပေါ့ပေါ့လေးလာမေးတော့ မေမေမျက်လုံးက မီးပါထွက်တယ်။

ကျမလည်း စိတ်ဓာတ်ပြင်းပြီးခေါင်းမာတာ မေမေ့အတိုင်းပဲ။ ကိုဗစ်ဆေးထိုးမလားလို့ ပထမအကြိမ်လာမေးကတည်းက ရွံလို့ အန်ပါအန်ချင်တယ်။ အာဏာသိမ်းပြီးကတည်းက ဒေါ်စုတို့ မနည်းရှာစုထားတဲ့ ကာကွယ်ဆေးတွေကို ခွေးတစ်သိုက်က သူတို့အချင်းချင်း ဝေထိုးကြသတဲ့။

ဒီဆေးတွေက ပြည်သူတွေဆီကခိုးထားတာတွေ။ သွားထိုးရင် ကျိန်စာသင့်မယ်။ ဒီတလောအတွင်း အသက်ရှင်ရေးအတွက် အပြင်အရမ်းထွက်ရလို့ သွားထိုးရင်လည်း တစ်မျိုးပေါ့။ ကြီးတော်က အိမ်ထဲကအိမ်ပြင်သာ တော်ရုံမထွက်တာ။

အဖေ့အစ်မ ကြီးတော်က မကောင်းတဲ့ လူတော့မဟုတ်ဘူး။ ဒါမဲ့ သူ့မှာ အပြောတစ်မျိုး အလုပ်တစ်မျိုး သာသာလေးနေတတ်တဲ့ အကျင့်တော့ရှိတယ်။ ဖေ့စ်ဘုတ်မှာဆို နေ့တိုင်း အရေးတော်ပုံ မုချအောင်ရမည်က မချဘူး။ သူကိုယ်မှာသာ ဗုံးတွေချည်လိုက်တော့ လူငယ်တွေအစား သူပဲ စစ်စခန်းကို အသေခံဗုံးခွဲမယ်လို့ ကြွေးကြော်နေတာလည်း မနည်းတော့ဘူး။

တခါတလေ “ကဲ ဒါဆိုလဲ သွားလေ”လို့ ပြောမိတော့မလို့...။


*


၀၅/ အင်တာနေရှင်နယ်‌ကျောင်းကဆိုတာနဲ့ ထူးထူးဆန်းဆန်းကို ကြည့်မရ‌တော့တာ


ဒီအရေးအခင်းထဲမှာ ပိုသိသာလာတဲ့ ခြားနားချက် နောက်တစ်ခုကတော့ မြန်မာကျောင်းတက်တဲ့သူတွေ နဲ့ အင်္ဂလိပ်ကျောင်းတက်တက်သူတွေကြားက ကွာခြားချက်ပဲ။

တစ်ဝမ်းခွဲမောင်နှမတွေကြားက ကျမနဲ့ မောင်လေးကလွဲလို့ ကျန်တဲ့သူအကုန် အင်္ဂလိပ် သူဌေးကျောင်းတွေတက်ခဲ့တာချည်းပဲ။ အင်တာနယ်ရှင်နယ်စကူးဆိုတာကြီးကတော့ အစကတည်းက ကိုလိုနီစနစ်နဲ့ လူဖြူလူမျိုးကြီးဝါဒ အငွေ့အသက်လက်ကျန်၊ ဘူဇွာ သင်္ကေတတစ်ခုပေါ့။

ရှေ့တန်းမှာ ဆန္ဒပြသူ အသေပျောက်အများစုက အစိုးရကျောင်းကကြီးပဲ။ တစ်နေ့တစ်နေ့ လူအသေအပျောက်စာရင်းထွက်ရင် သိတဲ့သူများပါမလားလို့ အသက်အောင့်ပြီး ကြည့်ရတယ်။ အစိုးရကျောင်းမှာ ၁၀နှစ်ကြာ ရှင်ကျန်အောင်မြင်ခဲ့တဲ့ ကျမတို့ လူငယ်တွေက စစ်အစိုးရလက်အောက်မှာ ဘယ်လိုအခြေအနေတွေရှိတယ်ဆိုတာ အပြည့်အဝနားလည်တယ်။ စစ်အာဏာရှင်လက်အောက် ပြန်သွားရင်ဘယ်လိုဖြစ်မယ်ဆိုတာလဲ ဘဝနဲ့ရင်းပြီးသိတယ်။


(အောက်ပါ စကားများသည် အင်္ဂလိပ်လိုပြောခဲ့ခြင်းဖြစ်သည်။)

“မဟုတ်ပါဘူး...အကိုတို့ကသာ ညီမတို့ကိုအားကျရတာပါ။ ညီမတို့က မြန်မာပြည်မှာ အခြေချနေရတာပိုအဆင်ပြေတယ်” လို့ အမေရိကမှာ finance နဲ့ဘွဲ့ရခဲ့တဲ့ တစ်ဝမ်းကွဲအစ်ကိုက ပြောတယ်။ “အင်တာနယ်ရှင်နယ်ကျောင်းကလူတွေကပို စိတ်မလုံဖြစ်ရတာပေါ့ ဘာလို့ဆိုရင်...”

“ကိုယ့်တိုင်းပြည်မှာကို နိုင်ငံခြားသားတွေလိုနေလို့” လို့ ကျမက ခပ်တည်တည်နဲ့ ပိတ်ပြောလိုက်တယ်။ တစ်ဝမ်းကွဲတွေနဲ့ အတူကြီးပေမဲ့ ထဲထဲဝင်ဝင်စကားမပြောဖူးဘူး။ အပေါ်ယံများတယ်။ အဲတာကြောင့် ဒီအချိန်မှာတော့ပြောဖြစ်အောင် အကိုနှစ်ယောက်နဲ့ စကားဝိုင်းတစ်ခု စီစဉ်လိုက်တယ်။

“ညီမတို့ မြန်မာကျောင်းသားတွေက အင်္ဂလိပ်ကျောင်းကလူတွေဆို တစ်သက်လုံးအားကျလာခဲ့ကြတာ...။အကိုတို့ရဲ့ အရောင်ပါဖတ်စာအုပ်တွေ၊ ကာယအချိန်တွေ၊ သန့်ရှင်းတဲ့ အိမ်သာတွေ၊ ကွန်ပျူတာတွေ၊ အင်္ဂလိပ်လိုပြောနိုင်တာတွေကို အားကျခဲ့ရတာ။ အကိုတို့ရော။ ညီမတို့ မြန်မာကျောင်းသားတွေအပေါ် အင်္ဂလိပ်ကျောင်းသားတွေက ဘယ်လိုသဘောထားလဲ”


ကြားရမယ်ထင်တဲ့ အဖြေတွေက မြန်မာကျောင်းကဆို သနားတဲ့ ကရုဏာသက်တဲ့ အကြောင်းတွေပေါ့။ လုံးဝမထင်ထားတာကတော့ တကယ်ကို ဘာအမြင် ဘာသဘောထားမှ သေချာစဉ်းစားဖူးပုံမရတဲ့ ဗလာမျက်နှာတွေပဲ။ မြန်မာပြည်ရဲ့ ၉၅%သော ကျောင်းသားတွေ ဖြတ်သန်းရတဲ့ ပညာရေးစနစ်ကြီးကို စိတ်ကိုမဝင်စားတဲ့ အထာတွေ။


အစောပိုင်းက သူတို့ ပြောခဲ့ကြတယ်။ လောကကြီးကို လွှမ်းမိုးချင်ရင် အရင်းအနှီးနဲ့ အာဏာရှိမှရမယ်။ ဒါ့ကြောင့် တခြားရွေးစရာမရှိ။ သူတို့လည်း ကောင်းရာကောင်းကျိုးလုပ်နိုင်ဖို့ ကမ္ဘာကို လွှမ်းမိုးနိုင်အောင် အရင်းအနှီးနဲ့ ပါဝါစုဆောင်းမှ ရမယ်တဲ့။


“ကိုယ် လွှမ်းမိုးအကျိုးပြုချင်တဲ့ လူတွေအကြောင်း နားမလည် စိတ်တောင်မဝင်စားပဲနဲ့ ပါဝါနဲ့ ငွေကြေးရှိလဲ ဘယ်လိုလုပ်လွှမ်းမိုးမလဲလို့...။”


*


၀၆/ အဆိပ်ပင်ရေလောင်းတဲ့ ကြားနေ မိသားစုသီလရှင်


အာဏာသိမ်းကတည်းက နိုင်ငံရေးဟာ ရှောင်မရရှားမရ ခေါင်းစဉ်ကြီးဖြစ်လာတယ်။ နေ့စဉ်ပုံမှန်လုပ်တဲ့ အလုပ်တွေမှာတောင် နိုင်ငံရေးယူဆချက်တွေပေါ်လာတယ်။ လူအသစ်တွေ့တာဖြစ်ဖြစ် မိသားစုလိုခင်တဲ့သူနဲ့ ပြန်တွေ့လို့ပဲဖြစ်ဖြစ် နိုင်ငံရေးထင်မြင်ချက်တွေက စာကြောင်းနှစ်ကြောင်းထက်ပိုပြောစရာမလိုဘဲ အလိုလိုပေါ်တယ်။

မယ်သီလရှင်ကြီးက မကြာမကြာလာလည်တတ်တယ်။ ငယ်ငယ်တည်းကဆိုတော့ သံယောဇဉ်နဲ့ သီလရှင်ကြီးလာရင်ပျော်တယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးကတည်းက ဗုဒ္ဓဘာသာရေးဆိုင်ရာ တစ်‌ယောက်ယောက်နဲ့ တွေ့တာနဲ့တင် ရင်ထဲမအီမလည်ဖြစ်တယ်။ အရှင်ဘုရား ဘယ်ဘက်ကလဲ။

“နှစ်ဘက်လုံးငြိမ်းချမ်းစေချင်တယ်။” သီလရှင်ကြီးဟောရော။ “ချိတ်ချိတ်ချင်းမို့လို့ ချိတ်ကြတာပေါ့။ မြန်မြန်ပြီသွားရင်ကောင်းမယ်။”

အဲ့နောက် သီလရှင်တို့ရပ်ကွက်က ဖြစ်စဉ်တွေပြောပြတယ်။ လူနှစ်ယောက်ပစ်သတ်ခံရတယ်တဲ့ ဘုန်းကြီးကျောင်းဆိုင်းဘုတ် မီးရှို့လို့ ။ “လူတွေကလည်း လူတွေပဲ။ ပိုပိုပြီး ရမ်းကားလာတယ်” “စစ်သားလဲ ကိုယ့်ဘာသာကို ကာကွယ်ရတော့မှာပေါ့။”

ပြည်သူတွေက စစ်တပ်သာ အာဏာမသိမ်းရင် ဒီလောက်ထိ စိတ်ဆိုးစရာအကြောင်းမရှိဘူး။ နောက်ဆုံး ဆိုင်းဘုတ်မကလို့ ဘုန်းကြီးကျောင်းတစ်ကျောင်းလုံးပဲရှို့ရှို့

သေအောင်ပစ်သတ်စရာ အကြောင်းတစ်စိမှ မရှိဘူး။

ကျမလဲ တစ်သက်လုံး ဗုဒ္ဓဘာသာဝင်တစ်ယောက် အဖြစ် ဂုဏ်ယူပြီးနေခဲ့သူပါ။ တရား ဓမ္မကိုတော့ ယုံကြည်သေးပေမဲ့ ဗုဒ္ဓဘာသာ သာသနာဆိုတဲ့ အဖွဲ့အစည်း အဆောက်အအုံကြီးကိုတော့ စိတ်ပျက်မိတာ အမှန်ပဲ။ အဖွဲ့အစည်းကြီးက သူတို့ကိုယ်သူတို့ ဒီတော်လှန်ရေးရဲ့ ပွဲကြည့်ပရိတ်သတ် အနေနဲ့ သိပ်မဆိုင်သလို သဘောထားနေတယ်။ လူငယ်တွေ စစ်တပ်ထောက်ခံ ဘုန်းကြီးတွေကို ဆဲရင် ရိုင်းစိုင်းလိုက်ကြတာဆိုပြီး တအံ့တဩ ကြည့်ကြတယ်။

ဒီလို အပြစ်ကင်းစင်တယ်ဆိုပြီး မိမိကိုယ်မိမိလှည့်စားနေတဲ့ ဗုဒ္ဓဘာသာသူတော်စင်တွေ၊ ဒီလောက် အကောင်းအဆိုးသိသာနေတာကို ကြားနေဆိုတဲ့ အဆိပ်ပင်ရေလောင်းခြင်းတွေက ရာဇဝတ်မှုမြောက်တယ်။ ယခုလက်ရှိ မြန်မာ့ ဗုဒ္ဓဘာသာ သာသနာအဖွဲ့အစည်း အဆောက်အအုံကြီးတစ်ခုလုံးရဲ့ အခြေအနေက ပြည်သူကိုမှန်တဲ့ ကျည်ဆန်တိုင်းရဲ့ လက်ပါးစေဖြစ်တယ်။


*


၀၇/ အိမ်ထဲက နွေဦး



“နင်လဲ အင်မတန် စိတ်ကြီးတဲ့ ပြဿနာရှိတယ်။” မေမေက ညထမင်းဝိုင်းမှာပြောတယ်။


ဘယ်လို...။ သမီးစိတ်ကြီးရင် အမိက ဆယ်ဆပိုဆိုးတယ်တော့။


“ကြည့်ကြည့်။ အခုတောင် နင်.. ငါပြောတာကို မျက်နှာအမူအရာနဲ့။ ကြည့်ဦး။ သတိထားနော်။ ဒီစိတ်နဲ့ဆို နင်အလုပ်မှာ ဒုက္ခရောက်လိမ့်မယ်... မိန်းခလေးနော်။”


ကျမခေါင်းထဲမှာတော့ လူဖြူ ယောကျာ်းတွေ ခြယ်လှယ်တဲ့ စာပေပညာရေးလောကမှာ ကျမ ရှင်သန်ခဲ့သမျှ၊ ရုန်းကန်ခဲ့သမျှ၊ သည်းခံခဲ့သမျှ၊ ပြန်ကျုံးခဲ့သမျှ ပြန်မြင်ယောင်မိတယ်။


“...အိမ်မှာစပြီး သည်းခံတတ်အောင်ကျင့်ဦး...”


“ဟင့်အင့်”


“ဘာ...”


“No လို့” ခပ်မာမာပြန်ပြောလိုက်တယ်။


“အိမ်မှာတော့မရဘူး။ မေရေ မေ့သမီးက ခပ်ပျော့ပျော့ ချိုချိုနေတဲ့အမျိုးထဲမှာမပါဘူးလို့။ သမီးက စိတ်လဲမြန်တယ် စကားကိုလဲထိအောင်ပြောတတ်တယ်...မေမေ့လိုပေါ့” ကျမပြုံးတယ်။ “အလုပ်မှာတော့ ပရော်ဖက်ရှင်နယ် ဆန်ဆန် သည်းခံပြီး လုပ်လို့ရပေမဲ့ ကိုယ့်အိမ်မှာကိုတော့ ပေါ့ပေါ့ပါးပါးနေချင်တယ်။ ပြီးတော့ မေမေတို့ ပါပါတို့လူကြီးတွေကိုလဲ သမီးတို့လူငယ်တွေ ဘလိုတွေတွေးခေါ်နေတယ် ဘာတွေလိုအပ်နေတယ်ဆိုတာတွေကို နားလည်‌စေ ချင်တယ်။ တချို့ကိစ္စတွေဆို ချက်ချင်းဆိုရင် ယဉ်ကျေးမှုဆိုင်ရာ ရှော့ရသလိုကြီး ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါမဲ့ အိမ်မှာသမီးရှိတယ်လို့...။ မေမေတို့ ပါပါတို့နဲ့အတူ သမီး တစ်လျှောက်လုံးရှိနေမှာ။ ဖြည်းဖြည်းချင်း အခြေအနေ တစ်ဆင့်ချင်းစီတိုင်းမှာ အတူတူပေါ့"


နွေဦးရောက်လာပြီ။ တော်လှန်ရေးလဲ အိမ်ထဲရောက်လာပြီ။ လူတိုင်းလူတိုင်းက အာဏာသိမ်းတာကို တစ်ယောက်တစ်မျိုး တုံ့ပြန်ကြတယ်။ ဒီကာလမှာ တစ်ခါမှ မမြင်မိ မပြောမိတဲ့ ခေါင်းစဉ်တွေ အယူအဆတွေက သူ့အလိုလို ထွက်ပေါ်လာကြတယ်။ ဆွေးနွေးဖြစ်ကြတယ်။


ငန်ပေမဲ့ မခါးတဲ့သဘော။ သံသယနဲ့ဝေဖန်လိုပေမဲ့ စိတ်ဓာတ်မကျတဲ့သဘော။ အဲ့လို ဆွေးနွေးထိတွေ့မှုတွေကို သံသယအနည်းငယ်ရှိ သင့်သော်လည်း ပွင့်လင်းသောစိတ်နဲ့ ကြိုဆိုသင့်တယ်လို့ ကျမမြင်ပါတယ်။ နောက်ဆုံးတော့ ဒီပြဿနာတွေစဖြေရှင်းဖို့ အချိန်ရောက်ပြီကိုး...။


အရေးတော်ပုံအောင်ရမည်။


*


စာရေးသူအကျဥ်း


Diana ဇော်ဝင်းသည် အမေရိကန်နိုင်ငံတွင် အနုပညာနှင့်လူမှုရေးသမိုင်းနှင့်သီအိုရီ ကိုလေ့လာခဲ့သည်။ အမိမြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်းမှာတော့ ရက်စက်လွန်းတဲ့ စစ်အာဏာသိမ်းမှုအောက်မှာ ရှင်သန်လျက်ရှိသည်။


*************************************************************************************


Spring in the House and Other Stories

By Diana Zaw Win

On February 1st 2021 in Burma (Myanmar), the military orchestrated a coup d’état by overthrowing the legitimately elected civilian government by force. The country rose up in protest and the Spring Revolution began. At the time of writing, over 780 unarmed citizens have been murdered by the terrorist Burmese military. These short chapters are records of the happenings within an upper middle-class Burmese Buddhist family during this perilous period. In order to fully understand the contexts behind each chapter, please look into #whatshappeninginmyanmar.

Accompanying images are details of one of the author’s paintings.


01/PINK


Red is the color of the National League of Democracy (NLD).

The first headshot was because she was wearing red.

Green is the color of the terrorist military.

Black is the color anarchy so black clothes have been banned since mid-March.

White is the color most worn by protesters.

Blue is the color worn for the recent anti-coup campaign.

So for a quick grocery run with a friend, one of the few colors left in my wardrobe that will minimize the chances of getting shot or arrested was pink.

“Same,” said my friend who happened to wear pink as well. “It’s hard to leave the house these days. Every day is a massacre. And the news is always depressing. I feel like I’m not doing much…”

“The revolution doesn’t necessarily have to be only on the streets,” I replied, “Recently, I’m learning that revolution also happens in our own homes. As time goes by, each and every one of us find our own unique roles in this revolution. And I think everyone is doing a marvelous job.

Your grandma is ill. I have four elderly at home. Someone has to hold the fort and keep the household together.”

*


02/ MY MOTHER, DESPITE THE BEST INTENTIONS, IS RACIST


It’s the same thing as a white person saying “I’m not racist because I have non-white friends” when my mother over dinner said, “I understand the situation in Rakhine because I have been to Rakhine once.”

My father, a half-Rakhine, was obviously offended, “What do you know of Rakhine people?”

It was the week the Arakan Army initially refused to join the Committee Representing Pyidaungsu Hluttaw (CRPH) with a glaring potential of Rakhine claiming independence from mainland Burma. And mother, who has been a hardcore NLD supporter, is quite annoyed with the Rakhine people in general. The typical stereotype held upon Rakhine ethnicity is that they are selfish and don’t get along with anyone even amongst themselves.

“You’re not even born in Rakhine. I’ve been to Rakhine even much earlier than you have. You can’t even speak the language! You’re just a Burmanized fake Rakhine!”

My mother has never been the most eloquent of humans. Moreover, she is loud. On the contrary, my father is meek and quiet so he shot a glance at me for assistance.

“Mother,” I said, “I don’t think we as Burmans have any right to judge what Rakhine people do or not do.”

“But there should be a limit to things! What if the Rohingya take over once Rakhine gets independence? What will happen to Buddhism then? Rakhine will become a Muslim stronghold!”

In my head were around a dozen responses:

“Bullshit. That’s systematic nationalist propaganda to create an anti-Buddhist enemy in order to keep religions divided.”

“Mapping is a colonial invention and things got complicated because of white people drawing lines all over the planet.”

“Rakhine also became part of Burma just 40 years before British invasion. And the Burmans were terrible people to rob the Rakhine of their cultural icon, Mahamuni Buddha image, transplanting it in Mandalay and decorating it with Burman kingly regalia as an insult.”

Although I very well know that all of my responses need to be addressed, to rehabilitate an angry mother needs patience and better timing—so, it’s better to let father finish his dinner for now.

“It won’t,” I replied, “And the country is big enough for everyone to live in.”


*


03/ MY FATHER, DESPITE BEING THE NICEST OF PEOPLE, IS INHERENTLY MISOGYNISTIC


My father is a senior engineer and before the coup, was a very busy man. Now, for the first time in his life, he’s left with an enormous amount of free time. Hence, he spent most of that time following me around the house.

“But if we legislate things like 30% of the administration has to be women, then in the future we might have also put so-and-so percent for gays too. It’s better to focus on priorities for now,” he said, responding to my excitement upon reading the draft of the Federal Constitution from 2016.

I looked at my father like I have never seen the man before, “Papa, do you think with this current system anyone with the talent can get a position regardless of gender?”

Before he could respond, I was already on fire, “Okay, imagine someone like this daughter getting a position in the government. There’s a meeting and 8 out of 10 people are men. How do you think I can get my opinions across without suffering some sexist comment? When women are hired for any job, they’re expected much less from the beginning. ‘Oh, she’ll probably stop working after getting married. After having kids. Oh, she probably won’t be able to go on business trips because it won’t be safe to travel alone.’ And period days! When I interned at the government office, everyone looked at me like a heathen when I complained about period cramps like it’s some taboo. Why? Why must women suffer in silence when our bodies are physically in pain?”

Father was silent. “But my dear, don’t you think you are overreacting over things that are normal?”

“The ‘normal’ you refer to is an imaginary world created by straight men without asking or listening to non-straight non-men people and their needs. Papa, you don’t even know how to operate the ATM nor pack your own luggage. Mom does it all for you. And, you always say mom has anger issues. But while you only have one job, she has to work on her career, manage the house, plan the kids’ education, and deal with you—so what woman won’t go crazy? And if you achieve something at your job, people see it as your own achievement but when you mess up sometimes, people don’t dare say it to your face but they call and complain to mom. The ‘normal’ is a world where the capabilities of a woman are only acknowledged through the success of the men she nurtures.”

After that heated conversation, father started to help mother with the chores around the house.


*


04/ MY AUNT, DESPITE BEING “REVOLUTION! NEVER GIVE UP!”, SNUCK OUT TO GET THE CURSED COVID VACCINE


My mother is a headstrong woman of justice, that is why when my aunt nonchalantly waved the Covid vaccination certificate asking if and when my mother would decide to get the vaccine, I could feel the fury from her eyes.

I inherited my mother’s hardheadedness. When I first heard about the offer to get the vaccine, I felt disgusted to the point of nauseousness.

Since the coup, the military confiscated Aung San Suu Kyi’s hard-earned vaccines and are distributing them amongst themselves.

Those vaccines are stolen from the people. If we take it, we will be cursed. Still it is understandable if one needs the vaccine because she needs to go out a lot for survival during this time. But my aunt barely goes out.

My aunt—my father’s older sister—is not a bad person but she has colossal double standards. Every day, on social media she would announce that she supports the revolution. She even says ridiculous things like how she is more than willing to strap bombs on herself to infiltrate the military base.

Several times, I was tempted to say, “Go right ahead.”

*


05/ I HOLD A STRANGE ANIMOSITY AGAINST PEOPLE WHO WENT TO INTERNATIONAL SCHOOL


Another divide that became more obvious during the revolution is the gap between international and public high-school students.

Amongst all the cousins, my younger brother and I were the only ones that went to public school. The rest of the cousins went to posh private international schools—residues of colonialism and white superiority, and a symbol of the bourgeois.

When a protester dies or gets arrested at the frontlines, she is usually from public school. Every day when the list of the dead and missing is announced, I hold my breath to see if there’s anyone I recognize. My generation who survived ten years’ worth of public school, mostly under military dictatorship, knows best what it truly means to go back under one.

(The following conversation was fully conducted in English.)

“No, we’re jealous of you guys, you guys are better conditioned to live in Burma,” said my cousin who studied Finance at an American University, “You can speak Burmese fluently. International students feel more insecure about the fact that…”

“That they live like foreigners in their own country,” I finished with a deadpan tone. Despite growing up together, my cousins and I have never really talked about things that matter. So, I decided to take the initiative to talk to two of them.

“We, public school people, have envied international school students all our lives,” I said, “We envied your colored text books, your gym classes, your clean toilets, your computers, and your English. What about you? What stereotypes do international school students have about public school students?”

The answers I was expecting were somewhere along the lines of pity and compassion but the looks on my cousins’ faces tell me that they’ve never even had a proper opinion about the education system that 95% of all students in Burma go through.

Earlier, they were talking about how capital and power can influence the world; and how one has no choice but to secure capital and power if one wants to influence the world to do good.

“How do you use power and capital to influence the people when you don’t even understand the people you’re trying to influence? You’re not even curious at all.”


*


06/ THE FAMILY NUN IS A TOXIC NEUTRAL



Ever since the coup, politics have become an unavoidable topic. Our political leanings are easily revealed in our everyday actions. Whether meeting a new person or reuniting with a family friend, two sentences are enough to reveal where one stands in the political spectrum.

The nun visits on occasion. I have always enjoyed her visits since I was young. But since the coup, whenever I need to interact with a Buddhist religious figure, I become instantly antsy with a big question in my head:

Which side are you on?

“I wish both sides peace!” she bellowed, “It’s because both hooks attach to each other [trans: meaning both parties are in the wrong]. I hope this is over soon.”

She went on to describe an incident in her neighborhood where two people got shot and killed because they tried to set a monastery gate on fire. “The people are getting more barbaric too.” “Of course, the military also had no choice but to defend themselves.”

The people wouldn’t be this angry if the coup didn’t happen in the first place and even if the people burn down the whole monastery, it’s still no valid reason for the military to shoot people to death.

I have lived my whole life as a proud Buddhist. I still very much believe in the Buddha’s teachings but during this ridiculous coup, I have been extremely disappointed in the Buddhist institution. The institution still sees itself as a bystander of this revolution—a separate haven—and is perplexed when young people these days have been cursing at prominent monks who support the coup.

This delusional sense of innocence by Buddhist religious persona, the toxicity of neutrality at a time when right and wrong have never been more obvious is criminal. The current Burmese Buddhist institution is the enabler of every bullet shot at civilians.

*


07/ SPRING IN THE HOUSE


“You have anger issues,” mother said to me over dinner.

I blinked. Lady, if I have anger issues, you are ten times worse.

“See, see? Even now your face just reacted to my comment! You should fix that or else you’ll have problems in the workplace as a woman.”

In my head were flashbacks of my time in the white-male dominated world of academia, where I have survived, struggled, tolerated, fought back…

“…you should start practicing to be more patient at home--”

“Nope.”

“What?”

“No.” I said firmly, “not in my own home. Mom, I am not a soft and sweet person. I am honest, reactionary and quite savage—like you,” I added with a smile, “I can tone it down and be professional at work but at home, I want to be comfortable. And, I want my family to understand what the younger generation needs. Some of our demands might be too much of a cultural shock for you but I want you all to know that I am here. And, I will gladly walk you guys through this, together every step of the way.”

Spring is in the air and revolution has reached the home. People react to the coup differently. Topics and sentiments that would never have been openly exposed and discussed, have been revealed and communicated in the most natural manner.

Salty, but not bitter; Critical, but not depressed. Such heavy but valuable conversations and interactions, I believe, should be welcomed with a pinch of salt and an open mind—finally, these problems in our society are out in the open for us to solve them.

May we win the Revolution!


*


About the Author


Diana Zaw Win studied Art and Social History and Theory in the United States. Upon returning to her home country, Burma (Myanmar) she found herself surviving under a brutal military coup.


Cite as: Diana ဇော်ဝင်း. (2021). အိမ်ထဲကနွေဦး နှင့် အခြားပုံပြင်များ. Spring in the House and Other Stories. English Trans. Diana Zaw Win. Aruna Global South Blog. May 25.


136 views0 comments