top of page

သွေးရင်းချာ / Close Relatives

by နွေဦးကံ့ကော် / Nwe Oo Kant Kaw


This essay is part of the special series "Through the Light Holes" in collaboration with Myanmar Photo Archive.


See English version below.


သွေးရင်းချာဆိုသော စကားလုံးကို ကြားလိုက်ချိန်မှာသင်တို့ မည်သည့်တော်စပ်မှုကို ဦးစွာစဉ်းစားမိလေသနည်း။ “မိခင်နှင့် သား/သမီး၊ ဖခင်နှင့်သား/သမီးခြုံငုံပြောရလျှင် မိဘနှင့်သား/သမီး၊ နောက်တစ်နည်းအစ်မနှင့်ညီမ၊ အစ်မနှင့် မောင်၊ အကိုနှင့်ညီမ၊ အကိုနှင့်ညီတစ်နည်းပြောရလျှင် မောင်နှမ”။ ကျွန်တော်ကတော့ လတ်တလောစိတ်ခံစားမှုများအရ သွေးရင်းချာဆိုသည်နှင့် ပထမဆုံးစဉ်းစားမိခြင်းနှင့်အတူ လှိုက်ခနဲခံစားချက်ကို ရစေတာကတော့ အစ်မနှင့်ညီမတော်စပ်မှု သာလျှင်ဖြစ်သည်။ ထို့နောက်တွင်မှ တစ်ဆက်တစ်စပ်တည်း အစ်မနှင့်မောင်လေးတော်စပ်မှု၊ ထို့နောက်မှာသာလျှင် မိဘနှင့်သား/သမီးတော်စပ်မှုကိုတွေးတောမိလေသည်။ ဒါသည် ကျွန်တော်၏စိတ်ခံစားချက်ကြောင့်သာလျှင် ဦးစွာ၊ နောက်ဆုံး ဆိုသည် ဖြစ်လာရခြင်းမျှသာ။ စာရှုသူတို့လည်းမိမိတို့၏ စိတ်ခံစားချက်အလိုက် ကွဲပြားသောအတွေးများ ရှိပေလိမ့်မည်။ ကျွန်တော်သည် အစ်မတစ်ယောက်၏ ညီမ၊ မောင် တစ်ယောက်၏ အစ်မဖြစ်ပါသည်။ မြန်မာ့လူမှုဝန်းကျင်တွင်တော့ “အလတ်” ဟုခေါ်တွင်ပေသည်။ ကျွန်တော်သည် ငယ်စဉ်ကတည်းကအစ်မကိုလည်းချစ်သကဲ့သို့ မောင်ကိုလည်း အလို လိုက်သူ တစ်ယောက်ဖြစ်သည်နှင့်အညီ အရွယ်ရောက်ကြီးပြင်းလာသော် အစ်မကချစ်သောညီမ၊ မောင်က ဂရုစိုက်သော အစ်မတစ်ယောက်ဖြစ်လာခဲ့သည်။ ကံကောင်းပေစွ။

သို့ရာတွင် ဤဆောင်းပါးတွင် ညီအစ်မဆက်ဆံရေးနှင့် စိတ်ခံစားမှုများကိုသာလျှင် ဆက်လက်ဖော်ပြပေအံ့။ ကျွန်တော်နှင့် ကျွန်တော့်အစ်မသည် (နောင်တွင် မမခိုင် ဟုသုံးနှုန်းမည်) တိတိကျကျ မမှတ်မိနိုင်သောအရွယ် ကျွန်တော့် မှတ်ဉာဏ်ထဲရှိသည့်အတိုင်းဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် မတည့်ပုံရသည်။ ဤသည်မှာလည်း ကျွန်တော်က အလွန်လိမ္မာ၊ အပိုးကျိုးပြီး မမခိုင်က ခေါင်းမာသူတစ်ယောက်ဖြစ်သည့်အတွက် မိဘများက ကျွန်တော် နှင့်နှိုင်းယှဉ်ဆုံးမသောအခါ မမခိုင်က ကျွန်တော့်အပေါ် မကြင်နာနိုင်သည်ဖြစ်ပေမည်ဟု အတွေးအခေါ် ရင့်သန်သည့် အရွယ်ရောက်သော် စဉ်းစားမိပါသည်။ မမခိုင် မကြင်နာလည်း ကျွန်တော်ကတော့ ကြင်နာသည်၊ ချစ်သည်၊ ဦးစားပေး သည်။ မမှတ်မိသောအရွယ်တုန်းကလည်း ထိုအတိုင်းပင် ဖြစ်မည်မုချ ဖြစ်သည်။ (ဒါသည် လူ့သဘာဝအတိုင်း မိမိကိုယ်ကိုယ် အကောင်းမြင်ခြင်းလည်းဖြစ်နိုင်သည်။) ကျွန်တော်သည် အခြေခံမိသားစုများ၏ လမ်းစဉ်အတိုင်း မမခိုင်၏ အကျများကိုသုံးရတာများသည်။ စက်ဘီးအသစ် လိုချင်သော်လည်းမရ။ မမခိုင် တက္ကသိုလ်သွားတော့ သူစီးခဲ့သော စက်ဘီးကိုပဲဆက်စီးရသည်။ သို့သော် ကျွန်တော့်တွင် ငြိုငြင်မှုစိုးစဉ်းမျှမရှိခဲ့။ မမခိုင် တက္ကသိုလ် ရောက်တော့ ကျွန်တော့်ကိုဝယ်ပေးသည့် အင်္ကျီအသစ်ကိုပင် မမခိုင်ကိုဝတ်စေပြီးမှ ကျွန်တော် ဝတ်သည်။ သူကလည်း ငြင်းသည်မရှိခဲ့။ ပတ်ဝန်းကျင်နှင့် ဆွေမျိုးများကတော့ ထုံးစံအတိုင်းနှစ်ဦးနှစ်ဖက် ကြည်ဖြူနေသည်ကိုပင် မမခိုင်ကို တစ်ကိုယ်ကောင်းဆန်သူအဖြစ် ဝိုင်းဝန်းအပြစ်တင်နေကြပေသေးသည်။ မမခိုင်ကတော့ မည်သည့်အခါကမျှ ပတ်ဝန်းကျင်ကို ဂရုစိုက်သူမဟုတ်ခဲ့ပေ။ ခေါင်းကြောမာမာ မိန်းကလေးတစ်ယောက်အနေဖြင့် မျက်နှာမော့ ရင်ကော့နေခဲ့သူတစ်ဦးဖြစ်သည်။ ဤသည်ကပင် ကျွန်တော့်တွင်မရှိသောစွမ်းရည်ဖြစ်သည့်အတွက် သူ့ကိုကြိတ်လေးစား နေရသေးသည်။

အနှီခေါင်းမာမာမိန်းကလေးသည် တက္ကသိုလ်ဒုတိယနှစ်အပြီးတွင်ပင်လျှင် မိသားစု အခြေအနေအကြောင်းအမျိုးမျိုး ကြောင့် တက္ကသိုလ်ပထမနှစ်ကျောင်းသူဖြစ်လာသည့် သူ၏ညီမ၏ အဆောင်စားရိတ်၊ ကျောင်းစရိတ်ကိုထောက်ပံ့ပေးရန် ကျောင်းပိတ်ရက်များနှင့် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ကြား ကျောင်းပိတ်သည့်လများတွင် ကလေးများကို စာသင် ပေးခြင်းဟူသော အလုပ်ဖြင့် ဖတ်ဖတ်မောအချိန်လုလုပ်ပြီး ရုန်းကန်လေတော့သည်။ မည်သူ၏ တိုက်တွန်းချက်မျှ မပါသောသူ၏ ကြိုးစားအားထုတ်မှုသပ်သပ်သာလျှင်ဖြစ်သည်။ သူ့တက္ကသိုလ်၏ အဆောင်တွင်လည်း ခေါက်ဆွဲခြောက်၊ ဖုန်းဘေလ်ကတ်များရောင်းခြင်းနှင့် သူ၏ကိုယ်ပိုင်အိုင်ဒီယာဖြင့် ဂတ်စ်အိုးတစ်အိုးဝယ်ကာ သူ့အဆောင်အခန်းတွင် ထားပြီး ခေါက်ဆွဲလာပြုတ်သူများကို သင့်တင့်သောအခကြေးငွေကောက်ခြင်း အလုပ်ကိုပါ တိုးချဲ့လုပ်ဆောင်ခဲ့သည်။ (ထိုခေတ် အခါကအဆောင်များတွင် လျှပ်စစ်မီးကို မီးချောင်းအတွက်ကလွဲ၍သုံးခွင့်မရှိပေ။) ကျောင်းပိတ်ရက်များတွင် မြို့ပြန်လာပြီးယမ်ယမ်၊ မားမားစသည့် ခေါက်ဆွဲခြောက်ဖာနှင့် မုန့်စုံများကိုဆိုင်ကယ်နောက်တွင် တုတ်ကြိုးဖြင့် တုတ်၍ အဆောင်ပြန်သွားသော သူ့နောက်ကျောကို ခုထိမှတ်မိတုန်းပင်ဖြစ်သည်။ နောင်တွင် ကျွန်တော်တို့ မိသားစုအတွက် ပထမဆုံးမြင်ဖူးသော စမတ်ဖုန်းတစ်လုံးကို ဝယ်ပြီးအဆောင်တွင် ဖုန်းလက်ခံပေးခြင်းနှင့်၊ ဖုန်းခေါ်ခြင်း အလုပ်ကိုပါ တိုးချဲ့လုပ်ဆောင်ခဲ့သည်ကိုပါ မှတ်မှတ်ထင်ထင်ရှိမိသည်။ သူနှင့်ကျွန်တော် ကျောင်းပိတ်ရက်များတွင် အိမ်တွင်ဆုံပြီး ထိုဖုန်းလေးထဲတွင်ပါသည့် ဖရဲသီးခွဲသည့်ဂိမ်းကို တူတူဆော့ကစားခဲ့ကြသည်။ တက္ကသိုလ် အတွေ့အကြုံများ ဖလှယ်ကြသည်။ မမခိုင်တက္ကသိုလ်တက်ရင်း အလုပ်လုပ်တတ်သလောက် ကျွန်တော်ကတော့ ထိုအချိန်က မည်သည့်အလုပ်မျှ မလုပ်ချင်၊ မလုပ်ရဲပေ။ ကျွန်တော့်ကိုတော့ မည်သူမျှ မလုပ်တတ်ရကောင်းလား ပြစ်တင်ပြောဆိုခြင်းမရှိခဲ့။ ငယ်ငယ်က ကျွန်တော်လိမ္မာခဲ့သည့်အတွက်ဖြစ်လေမလားမပြောတတ်။ ပတ်ဝန်းကျင်က မမခိုင်ကို တော်လိုက်တာဟုကွယ်ရာတွင်သာ ချီးကျူးကြပြန်သည်။ ကျွန်တော်တို့ လူမှုဝန်းကျင်တွင် အဘယ့်ကြောင့် ရှေ့တွင် အပြစ်တင်၊ ကွယ်ရာတွင် ချီးကျူးလုပ်ကြသနည်းဆိုသည်ကို ယခုထက်ထိအဖြေရှာမတွေ့ပေ။ မမခိုင်ကတော့ ချီးကျူးသည်ဖြစ်စေ၊ ကဲ့ရဲ့ပြစ်တင်သည်ဖြစ်စေမှုမည့်သူမဟုတ်ပေ။

တက္ကသိုလ်ကျောင်းသူအရွယ်တွင်ပင် စီးပွားရေးဉာဏ်ရင့်သန်သောမမခိုင်သည့် ပညာရေးမဟာဘွဲ့ရသည် အထိ စာကြိုးစားသူတစ်ဦး၊ ဉာဏ်ကောင်းသူတစ်ဦးလည်းဖြစ်ခဲ့သည်။ အရွယ်ရောက် အိမ်ထောင်ကျသောအခါ တွင်လည်း အစိုးရဝန်ထမ်းဘဝတစ်ဖက်ဖြင့် အပြင်စီးပွားရေးကိုခန့်ခွဲနိုင်သည်အထိ ထက်မြတ်သူတစ်ဦးဖြစ်ခဲ့သည်။ အောင်မြင်သောမိသားစုကို ထူထောင်နိုင်ခဲ့သည်။ ချစ်စရာသားငယ်တစ်ဦးနှင့် သမီးလေးတစ်ဦးပွားစီးသည်။ မိခင် တစ်ဦးဖြစ်သွားသော မမခိုင်သည် ငယ်စဉ်ကအတိုင်းခေါင်းမာဆဲဖြစ်ပေသည်။ စီးပွားရေးတောင့်တင်းသော မမခိုင်က အပြင်စီးပွားရေးမလုပ်တတ်သော အစိုးရဝန်ထမ်းကျွန်တော့်ကို ထောက်ပံ့မြဲဖြစ်သည်။ မမခိုင်သည် သားသမီးရေး၊ စီးပွားရေးနှင့် ပတ်သက်ပြီး ရည်မှန်းချက်ကြီးသလို ထိုရည်မှန်းချက်ကို ပြည့်မီအောင် အမြဲကြံဆနေခဲ့သည်။ သူ၏ ရည်မှန်းချက်သို့ ရောက်လုနီးဖြစ်ချိန် ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နွေဦးတော်လှန်ရေးအမည်တွင်သော နိုင်ငံရေး အလှည့်အပြောင်းကာလတွင် မမခိုင်က စစ်အာဏာရှင်ကို ရှေ့တန်းကရဲရဲဝံ့ဝံ့ တော်လှန်ခဲ့၊ တော်လှန်ဆဲဖြစ်ပေသည်။ မမခိုင်ရော၊ ကျွန်တော်ပါ “ရုံးမတက်နဲ့ရုန်းထွက်” ဆိုသည့်အတိုင်း သက်ဆိုင်ရာရုံးများကို စွန့်ခွာခဲ့ကြသည်။ ကျွန်တော်ကတော့ (Civil Disobedience Movement-CDM) တွင် တရားဝင်ပါဝင်သည်မှ လွဲ၍ ကျန်သည်များကို တိုးတိုးတိတ်တိတ်သာလုပ်ရဲသည်။ ကလေးနှစ်ယောက်မိခင် မမခိုင်ကတော့ မိသားစုကိုမငဲ့ ရဲရဲဝံ့ဝံ့တော်လှန်လေသည်။ ကျွန်တော်တာဝန်ကျရာဒေသမှ ပြန်မလာခင်ကတည်းကသူအိမ်တွင် မနေတော့။ ထို့ကြောင့် ကျွန်တော် ပြန်လာသောအခါ သူရှိရာဒေသသို့သာ တန်းလိုက်သွားခဲ့သည်။ ကျွန်တော်တို့ နှစ်ချီ၍ တူတူရှိခဲ့ရသည့်အတွက် မမခိုင်၏ ခံယူချက်များကို ထဲထဲဝင်ဝင် သိရပြီး လေးစားပြီးရင်းလေးစားခဲ့ရပေသည်။ ကျွန်တော်တို့ ရှောင်တိမ်း နေစဉ်အတွင်း ဝင်ငွေရအောင် မမခိုင်၏ စူးစမ်းလေ့လာမှုကြောင့်ပင် အွန်လိုင်းမှ တစ်ချောင်းထိုးလေ့လာပြီး ညီမ နှစ်ယောက် ညလုံးပေါက် စကားတွေပြောရင်း၊ ယူကျု့များရှိတော်လှန်ရေးဆိုင်ရာ ချန်နယ်များကို ဖွင့်ထားရင်း၊ အက်ပလီကေးရှင်းများတွင် ကလစ်ကြရင်း၊ ချည်ထိုးကြသည်။ ဝင်ငွေအတော်အသင့်ရခဲ့လေသည်။ ထိုအလုပ်မစခင်က ကျွန်တော်သည် ဝင်ငွေရအောင် ထိုးနိုင်လိမ့်မည်ဟုမထင်ခဲ့။ ညီအစ်မနှစ်ယောက်လုံးသည် ဘောပင်ကိုင်သည်မှလွဲပြီး ကျန်အလုပ်များကို စိတ်ပါသည့်အခါမှ လုပ်သည့်သူများဖြစ်သည်။ မမခိုင်၏ ယုံကြည်ချက်နှင့် ဦးဆောင်မှုကြောင့်သာ ဝင်ငွေရသည်အထိဖြစ်ခဲ့ခြင်းဖြစ်သည်။

ချည်ထိုးခြင်းအလုပ်သည် မမခိုင်၏ မိသားစုနှင့် ကျွန်တော်၊ ကျွန်တော်တို့ မိဘများစားသောက်နေထိုင်ရန် မဖူလုံ။ ကျွန်တော်အလုပ်ထွက်လုပ်ရန်ဆုံးဖြတ်ပြီးမမခိုင်နှင့် ခွဲခွာခဲ့သည်။ ကံကောင်းထောက်မစွာ ကျွန်တော့်တွင် ပုံမှန်ဝင်ငွေတစ်ခုရှိပြီ။ မမခိုင်ကတော့ တောရွာတစ်ခုတွင် ရင်နှစ်သည်းချာသားနှင့်သမီး၊ ခင်ပွန်းနှင့်အတူချည်ထိုးရင်း၊ တောင်ယာစိုက်ပျိုးရင်း နွေဦးတော်လှန်ရေးတွင် တတ်အားသလောက်ပါဝင်ရင်း အချိန်တွေ ကုန်ဆုံးလျက်ရှိပေပြီ။ ကျွန်တော်၏ ပုံမှန်ဝင်ငွေမှ အချို့ကိုမမခိုင်၏ သမီးကလေးမူကြိုစားရိတ်၊ အချို့ကို မြန်မာပြည်ကြီး၏ အလှည့်အပြောင်း မြန်ရန်အတွက် လျာထားပြီးဘဝကို ဖြတ်သန်းလျက်ရှိပေပြီ။ ကျွန်တော်တို့ ညီအစ်မနှစ်ယောက်လုံးမပျော်ကြပါ။ သို့သော် ဤခက်ခဲသောကာလများအတွင်း ကျွန်တော်တို့နှစ်ယောက် ချစ်ခြင်းပိုခိုင်မြဲလာသည်ဟုထင်သည်။

မမခိုင်သည် ကျွန်တော်ငယ်ငယ်က ရူးသွပ်စွာစွဲလန်းခဲ့ဖူးသော စာရေးဆရာကြီးမြသန်းတင့် ဘာသာပြန် ရေးသားသော လေရူးသုန်သုန်ဝတ္ထုထဲမှ ဇာတ်ဆောင်တစ်ယောက်ဖြစ်သော စကားလက်အိုဟာရာကို သတိရမိစေသော သက်ရှိဇာတ်ဆောင်တစ်ယောက်ဖြစ်သည်။ ကျွန်တော့်ဘဝ၏ သက်ရှိဇာတ်ဆောင်ကို ကျွန်တော် မမှတ်မိခင်အရွယ်ကလည်း ချစ်ခဲ့သည်။ ကျွန်တော် အလယ်တန်းတုန်းကလည်းချစ်ခဲ့သည်။ ကျွန်တော် အထက်တန်းတက်တော့လည်းချစ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသူဘဝတွင်လည်းချစ်သည်။ ယခုထက်ထိလည်းချစ်နေဆဲ ဆက်ပြီးလည်း ချစ်နေမှာပဲဖြစ်သည်။ သူလည်းကျွန်တော့်လိုပင်ဖြစ်ပေမည်။

စာရေးသူ အကြောင်း


စာရေးသူသည် မြန်မာနိူင်ငံရှိ ‌‌‌‌‌‌မြို့ငယ်လေးတစ်ခုတွင် မွေးဖွားခဲ့ပြီး ဘွဲ့ရပြီးချိန်မှစ၍ ဆယ်စုနှစ်တစ်ခုလုံးနီးပါး အစိုးရဝန်ထမ်းဘဝနှင့် မြန်မာနိူင်ငံ ဖွံဖြိုးတိုးတက် ရေးအတွက် နေပြည်တော်တွင် နိူင်ငံတာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ စာရေးသူနှင့် အစ်မဖြစ်သူတို့သည် မြန်မာနိူင်ငံ နွေဦးတော်လှန်ရေးတွင် ရုံးမတက်နဲ့ ရုန်းထွက် (အာဏာဖီဆန်လှုပ်ရှား ရေး - CDM) တွင် ပါဝင်ထားကြသူများ ဖြစ်ပါသည်။ တက္ကသိုလ် ကျောင်းသူဘဝတွင် ကျောင်းမဂ္ဂဇင်းတွင် ကာတွန်းနှင့် ဆောင်းပါးအနည်းငယ် ရေးသားခဲ့ဖူးသည်နှင့် မဂ္ဂဇင်းတစ်ခုတွင် ပုံပြင်များကို အပျော်တမ်း ဘာသာပြန် ရေးသားသည်မှအပ ဤသို့သော မြန်မာနိူင်ငံ၏ လူမှုဘဝကို ထင်ဟပ်ပြသသော ဆောင်းပါးမျိုး ရေးသားခဲ့ဖူးခြင်း မရှိချေ။ ဤစာမူသည် နှလုံးသားမှ ဖြစ်တည်သော ရတနာတစ်ခုဟု ဆိုလျှင် မမှားပေ။




Close Relatives


English version by the author


Which relationship do you think of first when you hear "Close Relatives"? The relationship between mother and son or daughter, between father and son or daughter, generally between parents and son or daughter, and the relationship between elder sister and younger sister, between elder sister and younger brother, between elder brother and younger brother, in an alternative way we can call "the relations hip of siblings". As for me, the relationship between my elder sister and younger sister has appeared in my mind with deep feelings because of my current mood. Continuously, I think about the relationship between elder sister and younger brother, and finally the relationship between parents and son or daughter. This sequence is due to my emotions only. All of you have different thoughts according to your feelings and emotions. I am the younger sister of my elder sister and the elder sister of my younger brother. In our society, Myanmar, I am the middle one among siblings, called the middle girl. I have loved my sister; meanwhile, I have gratified my younger brother. My elder sister loves me, and my younger brother will take care of me when we become adults. I am so lucky.

But I will only mention the relationship and emotions between sisters in this article. My sister (hereinafter I will mention her as Ma Ma Khaing) and I seemed to be quarreling when the time came that I could not remember my memory according to my unconscious mind. Ma Ma Khaing was never kind to me. When I became an adult and matured I noticed that this is because of our parents who compare her and me when they scold her. She was very rebellious and I was very clever. I was always kind to her, loved her and gave priority to her, although she was never kind to me. It is sure that my habit was the same in the age that I cannot memorized. (This may be positivism for me as human being.) As the way of lower class family, everything I used in my childhood was the thing that had already been used by my sister. I did not get a new bike that I wanted. I used the old bike that my sister used when she went to university. But I did not feel unhappy or something else. When Ma Ma Khaing was a university student, I let her wear almost all of my new blouses first, and then I wore them. She never refused to wear it or to accept it. But the society and relatives usually blamed her as a selfish person, even though we had agreed to those things. But Ma Ma Khiang was a person who never cared about society. She was a rebellious girl who always lifted her face and braved. This skill is the one that I did not have, so I admired her secretly.

This rebellious girl faced struggles when she was a young second-year university student. Because of the family financial situation and so many other reasons, she hardly tried to support her sister’s hostel fee and university fee who became a first year student by teaching during her holidays at the time between first semester and second semester of her university. That was her effort alone without an encouragement of someone. She sold noodle packs and phone bill prepaid cards in her hostel. Furthermore, she extended her income by buying portable gas stove with her own idea and letting her friends use this stove with fair charges. At that time, using electricity was forbidden in hostels except for light. She carried the packages of noodles like Yum Yum and Mama and other snacks on her motorbike back seat tied by elastic string when she went back to her hostel from home on her holiday. I still remember her back carrying a heavy load at that time. Then she bought a smart-phone that was the first one of all her family members had ever seen. I clearly remember that she accepted incoming and outgoing calls with charges in her hostel to increase her income. She and I played watermelon crush game together on her phone when we met at home on our holidays. We discussed our respective universities and shared our experiences. Ma Ma Khaing got income when she was a university student, but I did not. Nobody could blame me for being afraid and unwilling to do this. It might be because I was clever when I was a child. The society praised Ma Ma Khaing in the background. I do not get any solution for why do people in our society blame someone in front of him or her and praise them behind their backs? But Ma Ma Khiang never emphasized any blame or any praise.

Ma Ma Khaing, who has a good sense of business in her young life, got a Master's degree in her education. She studied hard and is also very intelligent. When she became an adult and was married, she could manage her business even if she was a civil servant (government staff). She was very brilliant. She could handle her family with success. She has had one lovely son and one graceful daughter. In her mother's life, she was still rebellious like in her childhood. Ma Ma Khaing, who succeeds in her business, still supports me, who was also a civil servant and did not do any other business. Ma Ma Khaing had big goals for her son and daughter and her business. As for this, she always thought about reaching her target. When her goal needed a little step to reach it, our country, Myanmar, began to face the big turning point, as we all know as the "Spring Revolution". Ma Ma Khaing participated bravely in this revolution and is still participating. She and I left our respective offices with the slogan "Civil Disobedience Movement-CDM". But I only participated officially in CDM; I did not do anything. Ma Ma Khaing, mother of two children, participated in the front line bravely. She also left our home due to security concerns before I left my office. So, when I left my position in another city and came directly back to her temporary place, we stayed together for about one year in this situation. Therefore, I know her attitude more clearly and admire her again and again. During the time that we stayed in a temporary place, we studied crochet, one kind of handicraft; we discussed revolution; we played programs on YouTube with regard to revolution; and we clicked for revolution during the whole time of crocheting the whole night. Before we started this job, I did not think we could make money by crocheting, but my sister did. Two sisters were not interested in any other field except holding pens and did not do anything with other people’s force. We could make some money from this job because of Ma Ma Khaing’s belief and her leadership.

The income from crocheting could not cover Ma Ma Khaing’s family and our parent’s expenses. So I decided to apply for a job and left Ma Ma Khaing. Fortunately, I have got a job with a regular income. Ma Ma Khaing is silently spending her time with her husband and her children by crocheting, doing agriculture, and secretly participating in the spring revolution. I am passing my time by spending some of my income on the pre-kindergarten school fees of my niece, Ma Ma Khaing’s daughter, and some for revolution to get some success quickly. She and I are not happy. But I think our love and relationship are stronger during this difficult situation.

Ma Ma Khaing is a real-life character like Scarlett O'hara, who was one of the main characters that I loved to read about when I was young. The book's title is "Gone with the Wind", translated by Sayar Gyi Mya Than Tint. My sister makes me think of Scarlett. I loved my real-life character in my life before I memorized anything. I loved her in middle school. I also loved her when I was a high school student and also a university student. I still love her and I will in the future too. So did she, so does she, and so will she, I think.


About the author


Nwe Oo Kant Kaw was born in a small city in Myanmar. She worked for the development of her country as a civil servant for almost a decade in Nay Pyi Taw. She and her sister are participating in the Civil Disobedience Movement (CDM) of the Spring Revolution in Myanmar. Except for some cartoons and articles in her university magazine when she was a student, and some translation stories she sent to a magazine, she has never written an article that reflects the Myanmar public. This article is the treasure of her heart.

57 views0 comments
bottom of page